![tamil christian songs lyrics](https://www.worldtamilchristians.com/wp-content/uploads/2023/11/tamil-christian-songs-lyrics-150x150.png)
ထာဝစဉ်ခိုလှုံရာ – Eternal Refuge
ထာဝစဉ်ခိုလှုံရာ – Eternal Refuge
ထာဝစဉ်ခိုလှုံရာ
Cho-ကိုယ်တော်ရှင်သခင့်ရဲ့မေတ္တာအကြင်နာ
အရိပ်အောက်ဝယ်ထာဝစဉ်သာခိုလှုံချင်ပါတယ်
ကိုယ်တော်ရှင်သခင့်ရဲ့အချစ်တွေရင်မှာ
နွေးထွေးတယ် ကျွန်ုပ်ရဲ့ဘဝအတွက်
အစဉ်အလိုအပ်ဆုံးပဲ
V1- ဒီလောကကြီးထဲဝယ်
ခဏတာရှင်သန်ချိန်လေးမှာ
ကိုယ်တော်ရှင်ဟာစောင့်ထိန်းကွယ်ကာ
သမ္မာတရားနှုတ်ကပတ်တော်နဲ့
ကျွန်ုပ်ကိုအစဉ်သာလမ်းပြကာ
သခင့်ရဲ့ကရုဏာနေ့ရက်တိုင်းမှာ
V2- မပြောင်းလဲတဲ့အချစ်နဲ့
ကျွန်ုပ်ကိုကိုယ်တော်ချစ်ခဲ့တာ
သခင့်ရဲ့အနားမှာထာဝစဉ်နေချင်တာ
ဝိညာဉ်တော်ဘုရားကဖေးကူမယ်
ဘဝရဲ့အသက်တာထဲ
ယေရှုရဲ့အရိပ်မှာခိုလှုံရင်းနဲ့
Cho – Solo
V3- ယေရှုရဲ့ချစ်မေတ္တာ
ဘဝမှာယုံကြည်ကိုးစားရာ
သခင့်ရဲ့အချစ်သာထာဝစဉ်ခိုလှုံရာ
ရှင်သန်နေဘဝရဲ့အသက်တာလေးလည်း
ဘုရားရဲ့လက်တော်ထဲ
စိတ်ချအပ်နှံယုံကြည်ခြင်းနဲ့
V2- မပြောင်းလဲတဲ့အချစ်နဲ့
ကျွန်ုပ်ကိုကိုယ်တော်ချစ်ခဲ့တာ
သခင့်ရဲ့အနားမှာထာဝစဉ်နေချင်တာ
ဝိညာဉ်တော်ဘုရားကဖေးကူမယ်
ဘဝရဲ့အသက်တာထဲ
ယေရှုရဲ့အရိပ်မှာခိုလှုံရင်းနဲ့
(Cho)2 Ending